မိတ္ထီလာခရိုင်၊ သာစည်မြို့၊ သာစည် - ညောင်ရမ်း 33kV ဓာတ်အားလိုင်း ဆောင်ရွက်သွားမည့် အစီအမံ

မိတ္ထီလာခရိုင်၊ သာစည်မြို့၊  သာစည် - ညောင်ရမ်း 33kV ဓာတ်အားလိုင်း ဆွဲသားစဉ်  သာစည်မြို့၊အမှတ် (၄)ရပ်ကွက်အတွင်း 33kV Line ပေ(၃၀၀၀)ကျော်ဆွဲသားမှု့အပေါ် ကန့်ကွက်လာသူများအား (၁၃.၇.၂၀၁၈)ရက်နေ့တွင် သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၊အမျိုးသားလွှတ်တော် ကိုယ်စား လှယ်  ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဓာတ်အားလိုင်းဆွဲသားမည့်လမ်းနေ ပြည်သူများအား ဓာတ်အားလိုင်း အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်သွားမည့် အစီအမံများကို ခရိုင်လျှပ်စစ်မန်နေဂျာ၊ ဒုခရိုင်လျှပ်စစ်မန်နေဂျာ(အင်/ယာ)တို့မှ Power Point ဖြင့် ရှင်းလင်း ပြောကြား ခဲ့ပါသည်။

ထို.နောက်အမှတ်(၄)ရပ်ကွက်နေပြည်သူများ သိလိုသည်များကို ဒုခရိုင်လျှပ်စစ်မန်နေဂျာ(အင်/ယာ) မှပြန်လည်ရှင်းပြောကြားခဲ့ပါသည်။